ဇလွန် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ဟင်္သာတခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဇလွန်မြို့နယ် အနောက်စုကျေးရွာတွင် အရှည်ပေ ၁၀၈၀၊ အကျယ် ၈ ပေ၊ ထု ၆ လက်မ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းကို စီမံကိန်းရန်ပုံငွေ ကျပ်(၁၀)သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် (၁.၀) သန်း၊ စုစုပေါင်းငွေကျပ် (၁၁.၀)သန်း ဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအား ဟင်္သာတခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)