ရှမ်းရွာသစ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်−၁၉ စည်းကမ်းများနှင့်အညီ ကျောင်းအပ်နှံခြင်းလက်ခံဆောင်ရွက်

ရှမ်းရွာသစ်   မေ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် ကျောင်းသား/ သူများ ကျောင်းအပ်နှံခြင်းကို မေလ(၂၄)ရက်နေ့မှစတင်၍ လက်ခံဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ သူများနှင့် ကျောင်းသားမိဘများ လာရောက်အပ်နှံကြကြောင်းသိရသည်။

ထိုသို့ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရာတွင်လည်း အခကြေးငွေတစ် စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းသား/သူတစ်ဦးစီအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း(Mask) နှင့်မျက်နှာကာ(Face Shield)တို့ကိုလည်း အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ(၂၄)ရက် မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)