အိမ်မဲ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်ရှိ အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၌ မြတ်စွာဘုရားအားရည်မှန်း၍ မဟာဗောဓိညောင်ပင်အားညောင်ရေသွန်းလောင်းပူဇော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်ကို အိမ်မဲမြို့နယ်ချောင်းဝပိုင်းရပ်ကွက် ပါရမီဂရုဏာရှင် လူမှုကူညီရေးအသင်းမှ နဝမအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ကဆုန်ညောင်ရေသွန်း ပွဲမကျင်းပမီမြို့တွင်းတစ်ပတ်မြတ်စွာဘုရားရှင်အားမြို့သူမြို့သားများဖူးမျှော်ကြည်ညိုနိုင်ရန် ဒေသစာရီကြွချီတော်မူကာ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြ ကြောင်းသိရသည်။
အိမ်မဲမြို့တည်သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရားတွင် မြတ်စွာဘုရားအား ဝတ်ရွတ် ပူဇော်ကြ သူများ ဘုရားဖူးလာပြည်သူများ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသူများအား စတုဒိသာ အလှူများဖြင့်ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)