နတ်မောက် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့၊ ကန်ကြီးအောက်လမ်းရှိ အုတ်ရေမြောင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေ (၃၈.၉၅၆) ကျပ်သန်းဖြင့် အရှည်(၁၅၂၅)ပေ၊ အကျယ်(၃)ပေ၊ အနက် (၃)ပေ တည်ဆောက်ခြင်းလုပ်ငန်းသည် (၁၀၀%) ပြီးစီးပြီ ဖြစ်သည်။
ထို့ပြင် နတ်မောက်မြို့ မြစည်းကုန်လမ်း အုတ်ရေမြောင်းတည်ဆောက်ခြင်းကို ငွေလုံးငွေရင်း ရန်ပုံငွေ (၃၇.၅၇၃) ကျပ်သန်းဖြင့် အရှည်(၁၀၄၅)ပေ၊ အကျယ်(၄)ပေ၊ အနက်(၄)ပေ တည်ဆောက်ခြင်း လုပ်ငန်း သည် (၁၀၀%) ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
သင်းသင်းမြတ်