သရက် မေ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့နံနက်(၈)နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သီလရှင်(၆၂)ပါးတို့အား ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော် ဦးဆောင်သည့် အကျိုးတော်ဆောင် များကရပ်ကွက်အသီးသီးမှ အလှူရှင်စေတနာရှင်များ စုပေါင်း၍ လစဉ်လပြည့်နေ့တိုင်းလှူဒါန်းသည့် ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုများကို မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။
အဆိုပါ လောင်းလှူခြင်းကို အကျိုးတော်ဆောင်သူများက ကျိုက်ဒေယျုံကျောင်းတိုက်၊ ပေတစ်ပင်ကျောင်း၊ မစိုးရိမ်ကျောင်းတိုက်နှင့် ထုံးတောင်ကျောင်း တို့တွင် သွားရောက်ကာ သီလရှင်(၆၂)ပါးအတွက် ဆွမ်းဆန် နှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူပေးခဲ့ရာ အလှူရှင်များအား သီလရှင်ဆရာလေးများမှ ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)