တောင်သာ မေ ၂၆
မန္တေလးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းစုအခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်စိမ်းစိမ်းမြင့်က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask၊ Face Shield များကို ယာယီရဲမှူးရန်နိုင်စိုး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်သာမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြဇော်ဦး တို့က ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)