ကာလိ မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံခြင်းများ အခမဲ့လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျိုင်းလွန်းအခြေခံပညာ အလယ် တန်းကျောင်းခွဲ၊ မိုင်းယိုင်းအခြေခံပညာမူလတန်းကျောင်း၊ လွိုင်ချို အခြေခံပညာ မူလတန်းကျောင်း တို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် တာဝန်ကျ ဆရာ/ဆရာမများက ကျောင်းသား/သူများအား အခမဲ့လက်ခံ ဆောင်ရွက်ပေးသည့်အပြင် နိုင်ငံတော်ကထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် Mask၊ Face Shield တို့ကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)