ဘားအံမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ပြည်သူများ ညောင်ရေသွန်း

ဘားအံ မေ ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့ ကျက်သရေဆောင် သေဌမာရ်အောင်ဘုရားကြီးနှင့် ရွှေယဉ်မျှော်ဘုရား တို့တွင် ပူဇော်စိုက်ပျိုးထားလျက်ရှိသော မဟာဘောဓိညောင်‌ပင်အား  ကဆုန်ညောင်ရေသွန်း လောင်းလှူခြင်းကို ယမန်နေ့ ညနေပိုင်းက ပြည်သူများက မြတ်စွာဘုရားအား ရည်မှန်း၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။

ထိုသို့    ကဆုန် ညောင်ရေသွန်း လောင်းလှူရာတွင် ကရင်ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦစီးဌာန၊ ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ ဝတ်ရွတ်အသင်းများ၊ မြို့ပေါ်နေပြည်သူများက မြတ်စွာဘုရားအား ရည်မှန်း၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ဘားအံ)