ကံမမြို့၌ ကဆုန်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကံမ မေ ၂၆ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီက ကံမမြို့ အမှတ် (၄) ရပ်ကွက်၊ ကန်လယ်ဘုရား ဓမ္မာရုံမှစုရပ်အဖြစ် စတင်၍ ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ ဆရာတော်သံဃာတော်အပါး (၁၀၀) တို့က မြို့တွင်းသို့ အလှူခံကြွတော်မူခဲ့ကြသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများ၊ မြို့ပေါ် ရပ်ကွက်များမှပြည်သူများက ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။ ကျော်ဇေယျဝင်း(ကံမ)