မင်းလှမြို့၌ ညောင်ရေသွန်းပွဲတော် ကျင်းပ

အထက်မင်းလှ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် နှစ်စဉ်မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျင်းပခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ညနေ ၅ နာရီက မင်းလှမြို့၊ မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာဘုရား စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။

ညောင်ရေသွန်းပွဲတော် အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း‌အောင်နှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြခဲ့ပြီး၊ ရွှေဘုန်းသာဘုရား ရင်ပြင်တော်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)