မင်းလှမြို့၊ မြို့မရပ်ကွက် ရွှေဘုန်းသာဓမ္မာရုံ၌ (၃၈) ကြိမ် မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

အထက်မင်းလှ မေ ၂၆ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ မြို့မရပ်ကွက် ရွှေဘုန်းသာဓမ္မာရုံ၌ ယမန်နေ့ ည ၇ နာရီက ၃၈ ကြိမ် မြောက်ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို တက်ရောက်လာသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရတနာသီရိသံဖြူကျောင်းဆရာတော် ဦးနေမိန္ဒအရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို ၃ ကြိမ်ရွတ်ပြီး မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ကြသည်။ အဆိုပါ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ ဇော်ပွဲကို မြို့မရပ်ကွက်၊ ရွှေဘုန်းသာဓမ္မာရုံတွင် ရပ်ကွက် နေပြည်သူများ၊ စေတနာရှင်အလှူရှင်များ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မေလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ငါးရက်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။ ဇာဇာ (အထက်မင်းလှ)