ပေါက် မေ ၂၆ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ စာအုပ်စာပေ ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအခါ မေလ ၄ ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်းပေးလျက်ရှိသည်။ ပေါက်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အထွေထွေပညာရပ်၊ ဒဿနိကဗေဒနှင့်စိတ်ပညာ၊ ဘာသာအယူဝါဒ၊ လူမှုရေး သိပ္ပံပညာရပ်၊ ဘာသာစကား၊ ရိုးရိုးသိပ္ပံ၊ အသုံးချပညာ၊ အနုပညာ၊ စာပေ၊ ပထဝီနှင့်သမိုင်း ပညာရပ်များအပြင် ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြ စသည်ဖြင့် သုတ/ရသ စာအုပ်မျိုးစုံ စုဆောင်းထားရှိပြီး မည်သူမဆို ပြည်သူ့စာကြည့်တိုက်သို့ အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။ ၎င်းအပြင် ရည်ညွှန်းစာအုပ်များ၊ မြန်မာနိုင်ငံ ပြန်တမ်းများ ကိုလည်း လေ့လာနိုင်ရန် စီစဉ်ထားရှိပေးခြင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေလျက် ရှိသော နေ့စဉ်ထုတ်သတင်းစာများကိုလည်း ပြည်သူများ အလွယ်တကူ ဖတ်နိုင်ရန် စင်တင် ပေးထားလျက်ရှိသည်။ ပေါက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှစနေနေ့ထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲချိန်အထိ ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် Online Facebook Page မှ စာအုပ်အသစ်များ ရောက်ရှိလာပါက ကြော်ငြာပေးခြင်း၊ စာအုပ်မိတ်ဆက် ခြင်း၊ စာအုပ်ဖတ်ပြခြင်း အစီအစဉ်များ၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ပြ ခြင်း၊ စကားပုံများဆွေးနွေးခြင်း၊ ကလေးသုတစွယ်စုံကြမ်း အဘိဓာန်ဖတ်ပြခြင်း၊ စက္ကူခေါက် ခြင်း အစီအစဉ်များကို နေ့စဉ်တင်ဆက် ပေးလျက်ရှိသည်။ ပြည်သူ့စာကြည့်တိုက်သို့ လာရောက် သူများအတွက် မိမိတို့ပါလာသောပစ္စည်းများကို ရုံးရှေ့စားပွဲပေါ်တွင် တင်ထားခဲ့ပေးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိပြီး mask မတတ်ဘဲလာရောက်ပါက mask တပ်ဆင်နိုင်ရန်အတွက် mask များကိုလည်း ထားရှိပေးလျက်ရှိကြောင်း သိရသည်။ ဉာဏ်တိုး(ပြန်/ဆက်)