ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆက်လက်ဆောင်ရွက်

ကရသူရိ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက်  ကျောင်းသား/ကျောင်းသူများအား မေလ ၂၄ရက် နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများကို ဇွန်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ် လက်ခံရာတွင် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ Mask တပ်ဆင်ခြင်း စသည့် COVID-19​ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လက်ခံဆောင်ရွက်လျက် ရှိသည်။

ကရသူရိမြို့ရှိ အခြေခံပညာကျောင်းများကို မေလ ၂၄ရက်နေ့မှ စတင်ကျောင်းအပ်လက်ခံခဲ့ရာ ယနေ့တွင် တတိယမြောက်နေ့ ကျောင်းအပ်လက်ခံခြင်းဖြစ်ပြီး ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများကို Mask ၊ Face Shield နှင့် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးပြီး မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိ ကြောင်း၊ အဆိုပါကျောင်းအပ်နှံခြင်းကို မေလအကုန်ထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)