ပန်းဘဲတန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးကိုင်ဆောင်လက်မှတ်မရှိဟု ဖော်ပြထားသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်

ပန်းဘဲတန်း ဩဂုတ် ၇

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး အတွက် အသက်(၁၈)နှစ် ပြည့်ပြီး ကိုင်ဆောင်လက်မှတ်မရှိဟုဖော်ပြထားသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဩဂုတ်လ (၇) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် အဆိုပါကွင်းဆင်း ဆောင်ရွက်ခြင်း နှင့် ပတ်သက်ပြီး ပန်းဘဲတန်းမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အသီးသီးအတွက်

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့်နိုင်ငံသားများ  အခွင့်အရေး မဆုံးရှုံးစေရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသော မဲစာရင်းတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ကိုင်ဆောင်လက်မှတ်ထပ်နေသူများ၊ မဲစာရင်း အချက်အလက် မပြည့်စုံသူများအား စီစစ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက်သို့ သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နေခြည်(ပြန်/ဆက်)