ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းနှင့် စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များ ပေးအပ်

ဒဂုံမြောက် မေ ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် ယနေ့ နံနက် ၁၀ နာရီက စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့ပြီး မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာကြည့်တိုက်မှတ်ပုံတင် လက်မှတ် များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးအုန်းလှိုင်မှ မှတ်ပုံတင် ရရှိသည့် စာကြည့်တိုက်များ၏ လိုအပ်ချက်များကို မေးမြန်းခြင်း၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး၍ စာကြည့်တိုက်လုပ်ငန်းသည် ပရဟိတ လုပ်ငန်းဖြစ်သည့် အားလျော်စွာ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက “သုတပဒေသာ” စာကြည့်တိုက်မှ တင်ပြလာသည့် လိုအပ်မှုအခြေအနေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာအုပ်စာစောင် ရရှိရေးအတွက် တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်မှုကော်မတီသို့ ပြန်လည်တင်ပြပေးရမည်ဖြစ် သဖြင့် လိုအပ်သည့် စာရင်းစာဇယားများနှင့် အတူ မေလ ၂၈ ရက်နေ့အရောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပေးပို့ပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်စာကြည့်တိုက်(၇)တိုက်ကို စာကြည့်တိုက် မှတ်ပုံတင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဝင် များနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)