ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် သီတာလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကျိုက်ဒုံ မေ ၂၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၁၅.၈၀၀)ကျပ်သန်းဖြင့် သီတာလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါ ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် သီတာလမ်းကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာမှာ လမ်းအရှည်(၉၅၀)ပေ၊ အကျယ်(၁၂)ပေ၊ (၃)လက်မထုရှိပြီး ဒေသနေပြည်သူများ ရာသီမရွေး သွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမ ှဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)