ဒဂုံအရှေ့ မေ ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် စာပေချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန်၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၁:၀၀)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ် အေးမဥ္ဇူ မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းသိန်း က စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်ထဲမှ ကလေးနှင့်ပတ်ဝန်းကျင်ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေ ချစ်သူ စာဖတ်ပရိသတ်များက ၎င်းစာအုပ်ပါ အကြောင်းအရာများကို အချင်းအချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အေးမဉ္ဇူ(ပြန်/ဆက်)