ကြာအင်းဆိပ်ကြီး မေ ၂၆
စီးမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံအဝန်းရှိ တောင်သူလယ်သမားဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစတင်ပြီး နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါချေးငွေများကို ၂၀၂၁ ခုနှစ် ယခုမိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးသွားမည်ဖြစ်ရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားဦးကြီးများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂)အုပ်စု တောင်သူ(၈၆၂)ဦး လယ်ဧကပေါင်း(၅၈၀၀)ဧကအား ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်သန်းပေါင်း (၈၇၀၀) ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)