ရေနံချောင်းမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

 
ရေနံချောင်း မေ ၂၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ချိုင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုငါးစုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးတို့က အိမ်ဆောက်ပစ္စည်း ဖိုးငွေ ၅၀၀၀၀၀ ကျပ်၊ ဆန်ရိက္ခာဖိုးငွေ ၂၇၃၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်(၁၆)မျိုးပါ တစ်စုံစီတို့ကို ထောက်ပံ့ပေးအပ်ရာ မီးဘေးသင့်ပြည်သူများ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့သည်။
ရေနံချောင်းမြို့နယ် ချိုင်းကျေးရွာတွင် မေ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် လူနေအိမ် ငါးလုံး၊ ဆိုင်ကယ်တစ်စီးနှင့် နွားတင်းကုတ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ်