ညောင်ရွှေ မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၁ ခုနှစ်အတွက် မိုးရာသီ သီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးရာတွင် စပါးတစ်ဧကအတွက် (၁၅၀,၀၀၀) ကျပ်၊ ပြောင်းတစ်ဧကအတွက် (၁၀၀,၀၀၀)ကျပ် ထုတ်ချေးပေးလျက်ရှိပြီး ယနေ့တွင် ကျောက်တိုင်ကျေးရွာ အုပ်စုမှ တောင်သူ(၈၅)ဦး စပါးစိုက်ဧက(၃၆၀)၊ ပြောင်းစိုက်ဧက (၁၇၇) အတွက် ချေးငွေကျပ် (၇၁၇) သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူ စုစုပေါင်း ၁၄၀၀ ဦးခန့် စပါးစိုက် ဧက(၄၀၃၄)၊ ပြောင်းစိုက်ဧက(၁၀၉၂)အတွက် စုစုပေါင်းချေးငွေကျပ် (၇၁၄၃)သိန်း ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မာလာစိုး၏ ပြောကြားချက်အရ သိရသည်။
(စိုင်းအယ်ဘဲ)