ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

စဉ့်ကူး  မေ  ၂၆

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန စဉ့်ကူးမြို့နယ်ရုံးမှ  မြို့နယ်ဦးစီးမှူး  ဉီးရွှေဝင်းနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့်  ယနေ့နံနက် ( ၈း၃၀) နာရီက စဉ့်ကူးမြို့ အမှတ် (၁) ရပ်ကွက် ၊ သီလှ ကျေးရွာနေပြည်သူများ  အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည် ။

အဆိုပါ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဉီးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ် (၁) ရပ်ကွက် သီလှကျေးရွာရှိ ပြည်သူ ( ၁၂ ) ဉီးအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဉီးရေစာရင်းများ ထုတ်ပေးနိုင်ခဲ့ပါသည် ။

ထို့သို့ ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ်၌  အိမ်ထောင်စုဇယားမရှိသည့် အိမ်ထောင်စုများ ၊ အသက် (၁၆) နှစ်မှ (၁၈) နှစ်အထိ ပြည်သူများ၊  အသက် (၁၈) နှစ်အထက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသေးသည့် ပြည်သူများအား  ပန်းခင်းစီမံချက်ဖြင့်  မေလမှစတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ အဖွဲ့များခွဲ၍  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရှိရသည်။

မြို့နယ် ( ပြန်/ဆက် )