ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိ

ကျောက်ပန်းတောင်း မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မေလ (၂၄)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း အခြေခံပညာကျောင်း အသီးသီးတွင် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် တန်းပြ ဆရာ၊ ဆရာမများက အခမဲ့ကျောင်းအပ် လက်ခံခြင်းများ ကို အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက် နေ့တွင် တစ်ပြိုင်နက်စတင် ဖွင့်လှစ်သွားမည်ဖြစ်ရာ၊ ကျောင်းများအလိုက် သန့်ရှင်းရေးနှင့် သာယာလှပရေးတို့ကို နယ်မြေခံ တပ်မတော်သားများနှင့် သက်ဆိုင်ရာကျောင်းများမှ ပညာရေး ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ကျောင်းများ စတင်ဖွင့် လှစ်ချိန်တွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားနိုင်ရေး စီစဉ်ထားရှိကြောင်းနှင့် ကျောင်းအပ်နှံချိန်တွင် အတန်းလိုက် သက်ဆိုင်ရာ ပြဌာန်းချက် စာအုပ်များ၊ ဗလာစာအုပ်များနှင့် ဘောလ်ပင်/ခဲတံ အစရှိသည့် ကျောင်းသုံးစာရေး ကိရိယာများကို အခမဲ့ထောက်ပံ့သည့်အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask များနှင့် Face Shield များကိုလည်း အခမဲ့ပေးဝေ ထားရှိကြောင်း  အမှတ်(၂) အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေး က ပြောသည်။

နေအောင်(ပြန်/ဆက်)