ချင်းရွှေဟော် မေ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ဦးဆောင်သည့် အဖွဲ့မှ ယနေ့ နံနက်(၁၀)နာရီအချိန်က ချင်းရွှေဟော်မြို့ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask) (၄၀၀၀)ခု နှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောက်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ချင်းရွှေဟော်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးပြီး ဆရာ/ဆရာ မများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်း နှာခေါင်းစည်း (Mask) ခုရေ(၂၀၀၀)ခု၊ ခြင်ထောင်(၂၀)လုံး၊ ကြက်ဥကပ်(၁၃)ကပ်၊ ခေါက်ဆွဲခြောက် (၆)ဖာ၊ ပဲနို့အချိုရည်ကပ် (၆)ကပ်နှင့် ကိတ်လုံးမုန့်ထုပ်များကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင် ကလက်ခံရယူခဲ့သည်။
ဆက်လက်ပြီး လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် သူနာပြုများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်း နှာခေါင်းစည်း(Mask) ခုရေ (၂၀၀၀)ခု နှင့် အခြားစားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တိုးချဲ့တည်ဆောက်နေသည့် ဆေးရုံ(၂)ထပ်ဆောင်အား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်