မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မတူပီ    မတ်    ၂၈

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ယနေ့ နံနက်(၇) နာရီ အချိန်၌ မတူပီမြို့၊ စည်ပင်ဈေး၊ အဝေးပြေး ယာဉ်လိုင်းများနှင့် သာမန်ယာဉ်များတွင် သာမိုမီတာဖြင့် အဖျားတိုင်း တာခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သည်။

မတူပီမြို့၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးပိုစတာများကို မတူပီမြို့တွင်းနှင့် ကျေးရွာတို့တွင် စိုက်ထူခြင်း၊ ပြည်သူလူထုများကို အဖျားတိုင်းတာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ပိုးသတ်ဆေးပက်ဖျန်းခြင်းနှင့် သံသယလူနာများ တွေ့ရှိပါက သီးသန့်ထားရှိရန် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း များကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ပြီး အဖျားတိုင်းတာခြင်းနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်း လုပ်ငန်းများကို မတူပီမြို့ရှိ ဈေးဆိုင်များတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)