လှိုင်းဘွဲ မေ ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများအတွက် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ ကြောင်းသိရသည်။
တောင်သူများ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေစေရန်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧကလျှင်ငွေကျပ် ၁၅၀၀၀၀နှုန်းနှင့် ယာတစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် လှိုင်းဘွဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စုအတွင်းမှ တောင်သူ ၁၂ ဦးအတွက် ချေးငွေစုစုပေါင်း ၁၇,၈၅၀,၀၀၀ ကျပ် ထုတ်ချေးပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျန်ရှိကျေးရွာ အုပ်စုများကိုလည်း စက်တင်ဘာလကုန်အတွင်း ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါချေးငွေထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီစနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ် မန်နေဂျာ ဒေါ်ခင်အေးလှိုင် ထံမှသိရသည်။
မြို့နယ်ပြန်/ဆက်