မြို့သစ်မြို့မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အညီ ပင်စင်လစာများထုတ်ပေး

မြို့သစ် မေ ၂၇

မကွေးတိုင်းဒေသကြီး ၊မကွေးခရိုင် ၊ မြို့သစ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မေလ ၂၁ ရက်နေ့မှစတင်ပြီး ထုတ်ပေးလျက်ရှိရာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးဆိုင်ရာလမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာလာရောက်ထုတ်ယူသည့်အငြိမ်းစားဝန်ထမ်းများကို အချိန်နှင့်တ ပြေးညီ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်ထုတ်ကြသော အငြိမ်းစားဝန်ထမ်းများနှင့်ပတ်သက်၍ မြို့သစ်မြို့နယ်ဘဏ်ဝန်ထမ်းများက အချိန်ကိုကြန့်ကြာမှုမရှိစေရေးနှင့်လူစုလူဝေးမဖြစ်ပေါ်စေရန် အမြန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပြီး မြို့နယ်ဘဏ်မန်နေဂျာက သတ်မှတ် ပေးထားသောရက် များအတိုင်း လာရောက်ထုတ်ယူရန်နှင့် သတ်မှတ်ရက်အတိုင်းလာရောက်မထုတ်ယူနိုင်သော ရပ်ဝေးများမှဝန်ထမ်းများ အနေဖြင့် ရုံးချိန်အတွင်း မည်သည့်ရက်မဆို လာရောက်ထုတ်ယူနိုင် ပါကြောင်းပြောကြားသည်။ ဘဏ်များသို့လာရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်မှု့အတိုင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာနေ ထိုင်ခြင်း လက်ဆေးဆပ်ပြာဖြင့် ဆေးကြောခြင်း၊(Mask) များတပ်ပြီးမှသာဘဏ်ရုံးအတွင်းသို့ဝင်ရောက်ထုတ်ယူနိုင် ပါကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးခင်မောင်မောင်က ပြောကြားချက်အရသိရသည်။

ကိုဇော်