နတ်မောက်မြို့နယ် သမှုန်းပင်(အရှေ့)ကျေးရွာသို့ သောက်သုံးရေဂါလံ(၂၈၀၀) သွားရောက်လှူဒါန်း

 
နတ်မောက် မေလ ၂၇
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် သမှုန်းပင်(အရှေ့)ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့်က သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများလှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် ဒေါ်လှိုင်လှိုင်မြင့် ၊ ဒေါ်သီတာရွှေ ၊ ဒေါ်ခင်မာလှ ၊ ဒေါ်စန္ဒာတင်တို့၏ စုပေါင်းလှူဒါန်းမှုဖြင့် နတ်မောက်ကွန်ရက်ပရဟိတလူမှုကူညီရေး အသင်းမှ အလှူရှင်မိသားစုများကိုယ်စား စိတ်ဓာတ်ဖြူစင် ကရုဏာရှင်လူမှုကူညီရေးအသင်းရှိ ရေဂါလံ (၂၈၀၀)ဆံ့ရေသည်ယာဉ်ဖြင့် သမှုန်းပင်( အရှေ့ )ကျေးရွာရှိ ပြည်သူများအား သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့သည်။
“ယခုလို နွေရာသီမှာ ရေတွင်းရေကန်များခန်းခြောက်ပြီး သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသဖြင့် ကျေးလက်ဒေသနေပြည်သူများအတွက် သွားရောက်လှူဒါန်းပေးရခြင်း ဖြစ်ကြောင်း နဲ့ ဆက်လက်၍ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများကိုလည်း သွားရောက်လှူဒါန်း ပေးသွားမှာ ဖြစ်ပါကြောင်း” နတ်မောက်ကွန်ရက်ပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။
သင်းသင်းဝေ