ရေတာရှည်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများအား ၂၀၂၁ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများစတင်ထုတ်ပေး

 

ရေတာရှည်   မေ  ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှ  မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများအား ၂၀၂၁ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၂၆ ရက် မနက်ပိုင်းမှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကို  ၂၆ ရက်နေ့က စပြီးတော့ နတ်တောင်ကျေးရွာအုပ်စုမှာရှိတဲ့ တောင်သူ ၁၈ ဦး၏ လယ်ယာမြေ ၁၃၇ ဧက အတွက် ၂၀၅.၅၀ သိန်း ထုတ်ချေးပေးသွားမှာဖြစ်ပြီး တောင်သူများအနေနဲ့ ၂၀၂၀ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ နဲ့ ကိုဗစ်-၁၉ အထူး ချေးငွေ တွေကို အမြန်ပြန်ပေးဆပ်ဖို့ လိုအပ်ကြောင်း ကြွေးပေး ဆပ်ပြီးသော တောင်သူများကို စိုက်ပျိုးချိန်အမှီ ချေးငွေများ ပြန်လည် ထုတ်ချေး ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဝေလင်း က ပြောကြားခဲ့သည်။

ရေတာရှည်မြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ရေတာရှည် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၈ အုပ်စုရှိ တောင်သူ ၉၆၀၀ ဦး လယ်ယာမြေ ဧက  ၅၀၀၀၀ အတွက် ငွေကျပ် ၇၅၀၀၀.၀၀ သိန်းခန့် ထုတ်ချေးနိုင်ရေး လျာထား ဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။

မြို့နယ် (ပြန်/ဆက်)