သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်း ကျေးရွာလမ်းဆုံတွင် ဒေသထွက်တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်

လိပ်သို  မေ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအ၀ယ်ဖြစ်လျက်ရှိခြင်းကြောင့် ကွမ်းစိုက်ပျိုးသူ ဒေသခံတောင်သူများမှာ လိပ်သို- သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်း ကျေးရွာလမ်းဆုံတွင် ကွမ်းကြမ်းများ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွမ်းကြမ်းများကို  ကွမ်းရောင်း၀ယ်သူများမှ မော်တော်ဆိုင်ကယ်များဖြင့်  လာရောက်၀ယ်ယူ ကြပြီး တောင်ငူ-ရေတာရှည်-အုတ်တွင်း-ထန်းတပင်မြို့နယ်များသို့   ဆက်လက်ဖြန့်ချိရောင်းချလျက် ရှိကြောင်းသိရသည်။ ဒေသထွက်ကွမ်းကြမ်းများကို  ကွမ်းရောင်း၀ယ်သူများက  စျေးကွက်လိုအပ်ချက် ရှိချိန်တွင် ကွမ်းစိုက်ပျိုးသူ တောင်သူများနှင့်  တိုက်ရိုက်ချိတ်ဆက်၍ ဆွတ်ခူးစေပြီး လိပ်သိုမြို့တွင် အရောင်းအ၀ယ်ပြုလုပ်မည့် နေရာသို့ ချိန်းဆိုရောင်း၀ယ်လျက်ရှိကြသည်။

လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ အီးအယ်၊ ဟယ်ဒိုး၊ မိုင်းလွန် စသည့် တောင်ပေါ်ဒေသ ကျေးရွာများမှ  တောင်ပေါ်ဒေသထွက် ကွမ်းကြမ်းများသည်  နွေရာသီကာလတွင်  အထုပ် ၄၀ ပါသော အချိန်တစ်ဆယ်လျှင် ကျပ် (၃၅၀၀ဝိ/-) မှ (၄၅၀၀ဝိ/-) အထိ ရရှိခဲ့သော်လည်း ယခုမိုးရာသီကာလတွင် ကျပ် (၁၅၀၀ဝိ/-) မှ (၂၅၀၀ဝိ/-) အထိသာ ရရှိလျက်ရှိကြောင်း  ကွမ်းကြမ်းရောင်း၀ယ်သူများထံမှ သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)