ဝိုင်းမော် မေ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို (၃.၅.၂၀၂၁)မှ(၃.၁၁.၂၀၂၂) စီမံချက်ကာလာအထိ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းမှ ယနေ့ မုတ်လွှဲ ကျေးရွာ အတွင်းရှိ ကျေးရွာများနှင့် ခါးရှိ(IDP Camps) စစ်ရှောင်စခန်းမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၄၇)ဦး ဆောင်ရွက် ပေးလျက်ရှိပြီး မေလ(၃)ရက်မှ (၂၀)ရက်နေ့အထိ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းလျက် နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်လျှောက်ထားသူ (၅၇)ဦး၊ ကတ်ပြား မိတ္တူလျှောက်ထားသူ (၉၂)ဦး၊ ၁၀ နှစ်ပြည့် လျှောက်ထားသူ (၁၀၇)ဦး၊ ၁၈ နှစ်ပြည့် လျှောက်ထားသူ (၈၇)ဦး၊ စုစုပေါင်း (၃၄၃)ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)