နယ်စပ်ဒေသ မုံးကိုးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးလျက်ရှိ

မုံးကိုး       မေ     ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မူဆယ်မြို့နယ်၊ မုံးကိုးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊‌ ရှေ့တန်းရုံးမှ မြို့ဦးစီးမှူး ဦးစောသာချမ်း ဦးဆောင်ပြီး ဝန်ထမ်းများက မေလ ၂၄ ရက်နေ့ နံနက်(၁၀)နာရီက မန့်ယန် ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

မုံးကိုးမြို့တွင်  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခုလို ဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယား မရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသောပြည်သူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် မုံးကိုးမြို့ရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအားလုံး အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊‌ ရှေ့တန်းရုံးမှ မြို့ဦးစီးမှူး ဦးစောသာချမ်း ထံမှသိရသည်။ 

သန်းဇော်ဦး (ပြန်/ဆက်)