ပုသိမ်ကြီး မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဝန်ထမ်းများသည်။ အုန်းချောကျေးရွာ အမှတ်(၇၆)ခြေလျင်တပ်ရင်းရှိ တပ်ရင်းတပ်ဖွဲ့ မိသားစုများအား အဆိုပါတပ်ရင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပန်းခင်းစီမံချက်အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ စီမံချက်ဆောင်ရွက်ရာသို့ မန္တလေးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ မြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဝင်း၊ အမှတ်(၇၆)ခြေလျင်တပ်ရင်းမှ တပ်ထောက်ဗိုလ်ကြီး ဟိန်းသူ တို့က ကြည့်ရှု့ အားပေးခဲ့ပြီး၊ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းကာ အဖြေမှန်သူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်သူ ကျား(၇)ဦး၊ မ(၁၀)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်သူ ကျား(၂)ဦး၊ မ(၅)ဦး၊ ကလေးမွေးတိုး ဆောင်ရွက်သူ(၁၅)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်သူ(၁၀)စုတို့ကို အသီးသီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို