လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ    မေ ၂၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား  မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာလှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်စန်းမြင့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးလင်းခိုင်က စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်၏ရည်ရွယ်ချက်၊ ပန်းလိုချင်အပင်ကိုပျိုးတတ် စာအုပ်တွင် ရေးသားထားသည့် အကြောင်းအရာများကို  ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော Book Club အဖွဲ့၀င် ဒေါ်စန်းစန်းအေးက ဦး‌‌ဆောင်၍ စာပေချစ်မြတ်နိုးသူများ အချင်းချင်း စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအလိုက် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)