လက်ပံတန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

 

လက်ပံတန်း  မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့၌  မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ..က()လက်ပံတန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ လက်ပံတန်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ ကျောင်း တာဝန်ခံ ဆရာ/ ဆရာမများ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်မှ အဖွင့် အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ် ပညာရေးမှူး (တာဝန်ခံ)ဦးစိုးသန်းက ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်း ပြောကြား ခဲ့သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်ဦးက လုံခြုံရေးနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံး သင်ထောက် ကူပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအထောက် အကူပြုပစ္စည်းများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်း အုပ် ဆရာ၊ဆရာမကြီးများအား  တာဝန်ရှိသူများမှ ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်