မင်းလှ မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက် နံနက် ၉ နာရီချိန်က အ ထ.က မင်းလှ( မြို့တွင်း) ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးထွဋ် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူး တင်မောင်သန်းတို့က ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းအကောင်းနှင့် ကျောင်းနေအ ရွယ် ကလေးများ အားလုံး မူလတန်းအဆင့် မသင်မနေရ ပြထမ်း သက်မှတ်ထား၍ သင်ကြားပေးလျက်ရှိရာ မိဘများမှ မိမိ၏ သားသမီးများကို ကျောင်းအပ်နှံပေးရန် လိုအပ်ကြောင်းအမှာစကားများပြောကြား သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်သန်းဌေးက နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သက်မှတ် ကာလ အတွင်း သင်ယူပြီး မြောက်စေရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာ သင်ယူခွင့် ရရှိဖို့နှင့် ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေး တို့အတွက် ဒေသအာဏာပိုင်များ၊ပညာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတောင်ဆောင် အဖွဲ့ဝင်များ၊ မိဘအသင်းအဖွဲ့ဝင်များ၊ မိဘ ပြည်သူ များ ပူးပေါင်းပါဝင်လျက်ထိရောက်စွာ အကောင်အ ထည်ဖော်နိုင်ရေးတို့ကိုပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်တို့က အခြေခံပညာကျောင်းများကို ကျောင်းသုံးစာအုပ်နှင့် စာရေး ကိရိယာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ပေါက်စ မင်းလှ