မိုင်းယုမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်

မိုင်းယု  မေ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်ငွေများကို မေ ၂၇ ရက်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပေးအပ်ရာသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယသုံးလပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လအတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်က ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ထောက်ပံ့ငွေ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/- (ကျပ် သုံးသောင်း တိတိ)ကို မြို့မရပ်ကွက်တွင် ()ဦး၊ တာကြန့်ကျေးရွာ အုပ်စုတွင်(၂)ဦးနှင့် မိုင်းလွေကျေးရွာအုပ်စုတွင်(၁)၊ စုစုပေါင်း သက်ကြီးဘိုးဘွား(၇)ဦး ကို အိမ်အထိသွားရောက်၍ ဂါရဝပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)