နတ်မောက် မေ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာအုပ်စု ၊ န/လက္ခုပ္ပင်ကျေးရွာ တွင် ယမန်နေ့ညနေ (၆) နာရီအချိန်ခန့်က လမ်းမီးများ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် NEP Phase -1 (အစားထိုး ) အစီအစဉ်ဖြင့် ၁၁ ကေဗွီလိုင်း (၁.၅၅ ) မိုင်၊ ၁၁/ ၀.၄ ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၂) လုံး တိုးချဲ့တည်ဆောက်ပြီး ကျေးရွာမီးလင်းရေး ကော်မတီမှ ၄၀၀ ဗို့လိုင်း (၂.၅) မိုင် တည်ဆောက်ပြီး ဖြစ်ပါ၍ မေလ (၂၆) ရက်နေ့ညနေ (၆) နာရီ အချိန်ခန့်က ကျေးရွာတွင်း လမ်းမီးပွင့် (၁၁၀ ) ပွင့်အား ဓာတ်အားစတင်ပေးခဲ့သည်။ ဆက်လက်ပြီး အိမ်ထောင်စု (၅၀၀) နှင့် အ.ထ.က (ခွဲ ) ကျောင်း ၊ ကျေးလက်ကျန်းမာရေး ဆေးပေး ခန်း နှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့အား ဓာတ်အားချိတ်ဆက်ပေးသွား မည်ဖြစ် ကြောင်း မြို့နယ် လျှပ်စစ်မှူး ထံမှသိရသည်။
သင်းသင်းမြတ်