ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

ပဲခူး  မေ   ၂၇

ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေ၂၆ ရက် ညနေ ၃နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ()ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များ၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးစိုးအောင် နှင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပါဝင် ယှဉ်ပြိုင်ကစားကြမည့် ဘောလုံး အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမား များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက ယနေ့ ကျင်းပပြုလုပ်သည့် ()ခရိုင် အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသည် သာမာန် အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ တိုင်းဒေသကြီး ကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက် ရွေးစင်များ ပေါ်ထွက်စေရေး ပြိုင်ပွဲတစ်ရပ်အဖြစ်မှတ်ယူပြီး ပြိုင်ပွဲဝင် အားကစားသမားများအားလုံး အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့် ရှင်းရှင်း ယှဉ်ပြိုင် ကစား သွားကြရန်၊ ပြိုင်ပွဲကျင်းပရေးကော်မတီ နှင့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရား မျှတမှန်ကန်စွာ ဆုံးဖြတ်သွားကြ ရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ် ချုပ်ရေး ကောင်စီ ဥက္ကဌဖလား ()ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့ သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက ပြိုင်ပွဲဝင် ဘောလုံး အသင်း များအား အားကစား ပစ္စည်းများ ပေးအပ်ခဲ့ပြီး အားကစားသမားများက အားကစား သစ္စာ အဓိဌာန်() ချက်ရွတ် ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွာကြပြီး ပဲခူးခရိုင် အသင်းနှင့် တောင်ငူခရိုင်အသင်းတို့မှ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

  ၂၀၂၁ ခုနှစ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ()ခရိုင် အသက်(၂၁)နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ စသည့် ခရိုင်()ခရိုင်မှ ခရိုင်ကိုယ်စားပြု ဘောလုံးအသင်း()သင်း ပါဝင်ပြီး မေလ(၂၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးငြိမ်း (ခရိုင် ပြန်/ဆက်)