သာယာဝတီမြို့နယ် သုံးဆယ်မြို့ ပီမိုးနင်းစာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်

သာယာဝတီ မေ ၂၇

ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ပီမိုးနင်း စာကြည့်တိုက်အား ခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့် အတွက် ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ အချိန်အထိ ရပ်ကွက်ကျေးရွာအတွင်းရှိ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်အား ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ ရသစာအုပ်များ၊ ဂျာနယ်စာစောင်နှင့်ကလေးများ အကြိုက် ရုပ်ပြစာအုပ်များ စုစုပေါင်း(၃၆၀၀) ကျော်ရှိပြီး မည်သူမဆို စာကြည့်တိုက်သို့ အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပီမိုးနင်းစာကြည့်တိုက်မှူး ဦးကျော်ညွန့်ထံမှ သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)