နောင်ချိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကျောင်းအပ်နှံမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

နောင်ချို    မေ     ၂၇   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ သူများ ကျောင်းအပ်နှံမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းရာတွင် နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက နောင်ချိုမြို့ပေါ်ရှိ  အခြေခံပညာကျောင်း (၈) ကျောင်းသို့ ရောက်ရှိကာ ၂၄-၅-၂၀၂၁ မှ ၂၆-၅-၂၀၂၁ ထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံမှုအခြေအနေ၊ သက်ဆိုင်ရာကျောင်းများအလိုက်  ကျောင်းအပ်လက်ခံမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်၊ ပြန်/ဆက်