ဗန်းမော် မေ ၂၇
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံ ရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ပညာရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်အတွက် သာမကဘဲ ၎င်း၏ မိသားစု၊ ပတ်ဝန်းကျင်အတိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံး အကျိုး တက်ရောက်စေပါကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတစ်ယောက်၏ ပညာရေးဆုံးရှုံးရပါက ၎င်း၏ မိသားစု၊ လူ့အဖွဲ့အစည်းတစ်ခုလုံး ထိခိုက်ဆုံးရှုံးနိုင်ပါကြောင်းနှင့် ပညာရေးကဏ္ဍ၏ ရည်ရွယ်ချက် များကို အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ဗန်းမော်မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်လေးက ဗန်းမော်မြို့နယ်အတွင်း ကျောင်းအပ်နှံရေးအခြေအနေကို လည်းကောင်း၊ နိုင်ငံတော်မှ သင်ထောက် ကူပစ္စည်းများ ထောက်ပံ့ပေးအပ်မှုကို အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်လေးက လက်ခံရယူပြီး ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများတို့က ကျောင်းသားကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)