ပဲခူးမြို့နယ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

 

ပဲခူး မေ၂၇

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ပဲခူးမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နံနက် ၉နာရီတွင် အမှတ် () အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေး အခမ်းအနားဖွင့်ပွဲတွင် အမှတ်၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများမှ ကျောင်အပ်ကြစို့ သီချင်းဖြင့် သီဆိုပြီးနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင့ ဥက္ကဌ ဦးမျိုးဆွေဝင်း မှ အဖွင့်အမှာစကားပြောကြားပြီး။ ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ပညာရေး ညွှန်ကြား ရေးမှူး ဦးစိုးလွင် ကကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းစဥ်များနှင့် ရည်ရွယ်ချက်တို့ကို အကျယ် တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကျောင်းအပ်နှံရေးတွင် ကျောင်းသား၊ကျောင်းသူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ၊ ဗလာ စာအုပ်များ၊ဘောပင်၊ခဲတံ Maskနှင့် Face Shield များကို မြို့နယ်များသို့ ပေးအပ်ခဲ့ပြီး အမှတ်() အခြေခံပညာ အထက်တန်း ကျောင်း၊ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်း သီဆိုပြီး အခမ်း အနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မျိုးငြိမ်း (ခရိုင် ပြန်/ဆက်)