ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေကြီးရန်ပုံငွေတို့ဖြင့် တာဝန်ယူဆောင်ရွက်သော လမ်းနှင့်ရေနက်တွင်း တူးဖော်ခြင်းပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရွှေတောင် မေ ၂၇

ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ဇင်ယော်ဧရာ ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်သော ကျွန်းတန်းရိုးကျေးရွာ ကုန်ထုတ်လမ်း ၊ ပျူတိုင်းသားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော မယားမာန်  အနောက် ကျေးရွာ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြင့်မိုရ်ထိပ်ထားကုမ္ပဏီမှ ဆောင်ရွက်သော တွင်းတိမ်တူးဖော်ခြင်းလုပ်ငန်း၊ တိုင်း​​​​ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သော မအူတိုင်းကျေးရွာတွင်းနက် တူးဖော်ခြင်း၊ ညံတောကြီးကျေးရွာတွင်းနက် တူးဖော်ခြင်းနှင့်  VDP စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သော မအူတိုင်းကျေးရွာမြေနီလမ်း ခင်းခြင်း လုပ်ငန်းနှင့် ညောင်ဝိုင်းရွာသစ်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတို့အား ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း မြို့နယ်ဦးစီးမှူး ဦးမျိုးသူနှင့် အင်ယာအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)