သဲကုန်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ၂၀၂၁-ခုနှစ် ၊ ဧပြီလအတွင်း ပထမအကြိမ်(1st dose) ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံထားသူ (၁၇၇၀)ဦးအနက်မှ စုစုပေါင်း (၁၄၂၀)ဦးကို ဒုတိယအကြိမ် (2nd dose) ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ထိုးနှံရာတွင် မေလ ၂၉ ရက်နေ့တွင် ၇၂၀ ဦးနှင့် မေလ ၃၀ ရက်နေ့တွင် ၇၀၀ ဦးထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုးနှံရန် ကျန်ရှိသော ၃၃၀ ဦးအား ထိုးနှံပေးမည့်နေ့ရက်ကို ထပ်မံအသိပေး ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်ပြားပါရှိသူများကိုသာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော နေ့ရက်တွင် သတ်မှတ်ထားသည့် ရပ်ကွက်ကျေးရွာ အုပ်စုမှ ပြည်သူများကိုသာ ထိုးနှံပေးမည်ဖြစ်ပြီး စာရင်းတွင်မပါဝင်သူများကို ထိုးနှံပေးမည် မဟုတ်ကြောင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်ပြား ပျောက်ဆုံးပါက ထိုးနှံပေးမည် မဟုတ်ကြောင်းနှင့် အခြားမြို့နယ်များတွင် ပထမအကြိမ် ထိုးနှံထားသူများကိုလည်း ထိုးနှံပေးသွားမည် မဟုတ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)