ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရတနာမဥ္ဇူဘုရားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ရေနံချောင်း မေ ၂၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသ ကြီးဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် ရေနံချောင်းမြို့မဈေးကြီးနှင့် ရတနာဈေးအကြားရှိ ရတနာမဥ္ဇူဘုရားလမ်းအား ဈေး ရောင်းဈေးဝယ်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ ၁၅၅၈၁၉၀၀ ကျပ်ဖြင့် လမ်းအရှည် ၆၀၀ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၆ လက္မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

စိုးသူအောင်