ဂန့်ဂေါ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းတွင် (၅) ခန်းတွဲ ရေလောင်းအိမ်သာ မြို့နယ် စည်ပင်သာရေးအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါ (၅)ခန်းတွဲ ရေလောင်းအိမ်သာတည်ဆောက်ခြင်းလုပ်ငန်းကို ဂန့်ဂေါမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၉၉၀၀၀၀၀/-)ဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၃၀) ရက်မှ စတင်၍ တည်ဆောက်နေခြင်းဖြစ်ကာ လုပ်ငန်းပမာဏ၏ ၃၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်၍ လုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇွန်လကုန်တွင် လုပ်ငန်းပြီးစီးနေမည်ဖြစ် ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ကျော်အောင်ထံမှ သိရသည်။
(၅)ခန်းတွဲရေလောင်းအိမ်သာတည်ဆောက်ပြီးစီးပါက ဈေးပတ်ဝန်းကျင် သန့်ရှင်း သာယာပြီး အနံ့ဆိုးများ ကင်းစင်စေ၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် ဆောက်လုပ်ခြင်းဖြစ်ကာ လုပ်ငန်း ဆောင်ရွက်ပေးမှု အတွက် ဝမ်းမြောက်ကြောင်း ဈေးသူ/သားများ၏ ပြောကြားချက်အရ သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)