ပြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

 

ပြည် မေ ၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်     နာရီခွဲအချိန်က ပြည်မြို့ --က() သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း က  - " ၂၁ရာစုဟာ ပညာခေတ်ဖြစ်တာနှင့်အညီ ကမ္ဘာပေါ်က ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ပညာရေး က အရေးကြီးလှပါ ကြောင်း၊ မိမိတို့နိုင်ငံမှာ ကိုဗစ်(၁၉) ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတာ တစ်နှစ် ကျော် ရှိခဲ့ပြီဖြစ်ကြောင်း၊  ယခုလည်း ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ကာလမှာ ကိုဗစ်(၁၉)ကာကွယ်တားဆီးရေး ဗားရှင်း(.)နှင့်အညီ ပြင်ဆင် ဆောင်ရွက်ပြီး ဖွင့်လှစ် သွားမှာဖြစ်ကြောင်း" စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်နိုင်ထွန်းက  ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ၊ ပညာရေးဆိုင်ရာ အကြောင်းအရာများနှင့် ကျောင်းသားကျောင်းသူများ အေးချမ်း လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။ ထို့နောက်  တာဝန်ရှိသူများက တက်ရောက်လာသော ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ဘကကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများထံ  နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးသော ကျောင်းသုံး ပုံနှိပ် စာအုပ်များနှင့်ဗလာစာအုပ်များပေးအပ်သည်။

ပြည်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၈၈)ကျောင်း၊ ဘကကျောင်း (၁၆)ကျောင်းနှင့် ကိုယ်ပိုင် ကျောင်း(၂၁)ကျောင်းရှိပြီး အဆိုပါကျောင်း များတွင် ယခုနှစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်း အပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ် လက်ခံခြင်း ဆောင်ရွက် လျက်ရှိရာ မေလ ၂၆ရက်နေ့အထိ ကျောင်းအပ်နှံသူစုစုပေါင်း (၄၃၅၅)ဦးရှိပြီ၍ ကျောင်းအပ်နှံမှု ၁၂ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ အဆိုပါ အပ်နှံသူ ကျောင်းသား/ကျောင်းသူများကို တစ်ဦးလျှင် ပုံနှိပ်စာအုပ်များနှင့်ဗလာစာအုပ်တစ်ဒါဇင်စီ နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေး အပ်ပါ ကြောင်း၊ ကျောင်းများစတင်ဖွင့်လှစ်မည့် ယခုနှစ် ဇွန်လ ရက်နေ့တွင်လည်း ကိုဗစ်(၁၉) စည်းကမ်းချက်များအတိုင်း ကျောင်းသား ကျောင်းသူ များအား ကျောင်းခန်းပြင်ပသွားလာရာတွင် ခြောက်ပေအကွာသွားလာစေပြီး လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း တို့ကိုလည်း ဆောင်ရွက် ထားရှိကြောင်းနှင့် ကျောင်းခန်းအတွင်း၌လည်း တစ်ဦးနှင့်တစ်ဦး လေးပေခြားစီထိုင်၍ ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထား ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောကြားသည်။

ပြည်ခရိုင်(ပြန်/ဆက်)