မာန်အောင်၊ မေ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၌ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ကန့်ကော်တော ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူ (၄၄) ဦးကို ကတ်ပြားများ ပြုလုပ် ပေးခြင်းအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများလိုက်ပါလျက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ်ဦးစီးမှု၏ လမ်းညွှန်မှုဖြင့် မာန်အောင်မြို့နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပန်းခင်းစီမံချက်၏ ရည်ရွယ် ချက်များဖြစ်သော နေထိုင်မှုပုံစံများ အလိုက် လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင်ကိုင် ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဟူသော နည်းလမ်း(၄)သွယ် ချမှတ်ကာ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
သိန်းထွန်းအောင်