သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

သဲကုန်း မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ ဒေါ်ပြည့်ဖြိုးသူ (စာထောက်-၃)က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အတွဲ(၁၈)၊ အမှတ်(၁၀) ဒို့ကျေးရွာဂျာနယ်တွင် ပါရှိသော စာရေးဆရာ ဒေါက်တာ လွင်သန့်ရေးသားသည့် ကလေးများ မူးဝေခေါင်းကိုက်ခြင်း ခေါင်းစဉ်အကြောင်းအရာအား စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကလေး များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)