ရွှေသောင်ယံ မေ ၂၇
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-ကရွှေသောင်ယံတွင် (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် မေလ (၂၄) ရက်နေ့ မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ မေလ(၂၆)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူဦးရေ(၁၁၂)ဦး လာရောက် ကျောင်းအပ်နှံပြီး ကြောင်း သိရသည်။
ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေများ ကောက်ခံခြင်းမရှိကြောင်း၊ ကျောင်သုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံစသည့် ကျောင်းအသုံးအဆောင် ပစ္စည်းများ အခမဲ့ထုတ်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် (Mask၊Face Shield)များပါ နိုင်ငံတော်မှအခမဲ့ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး အစီအစဉ်ကို မေလ(၂၄)ရက်နေ့မှ(၃၁)နေ့ အထိလက်ခံသွားမှာဖြစ်ပြီး ဇွန်လ(၁) ရက်နေ့တွင် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဟုသိရသည်။
သင်ကြားရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက်ပါ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက် သွားမည်ဟု သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)